ATFX CopyTrade

ATFX CopyTrade ဟာအွန်လိုင်း trading လုပ်ခြင်းအတွက် ခေတ်သစ်တစ်ခုကို ကိုယ်စားပြုပါတယ်၊ လူသစ်တွေနဲ့ ဝါရင့်traderတွေအတူတူ မျှဝေထားတဲ့ အသိပညာတွေကနေ အကျိုးရနိုင်ဖို့ ထူးခြားသော ပလက်ဖောင်းတစ်ခုကို ပေးစွမ်းပါတယ်။ ဒီ သီးသန့် CopyTrade အကောင့်ဟာ သုံးစွဲသူများကို ဝါရင့် trader များရဲ့ မဟာဗျူဟာများ ပုံစံတူကူးဖို့ လုပ်ဆောင်ပေးပြီး သင်ယူမှု နဲ့ ဖွံ့ဖြိုးမှုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်စေပါတယ်။

CopyTrade အကောင့်အတွက် ATFX နဲ့အတူ တိုက်ရိုက် trading အကောင့်တစ်ခု စာရင်းသွင်းလိုက်ပါ​!

CopyTrade ဆိုတာဘာလဲ?

အွန်လိုင်း trading ကမ္ဘာမှာ လူမှုရေး trading ရဲ့ပုံစံတစ်ခုဖြစ်တဲ့ CopyTrading ဟာ ခေတ်ပြောင်းစေမဲ့ သဘောတရားတစ်ခုအဖြစ် ထွက်ပေါ်ခဲ့ပါတယ်၊ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာ အသစ်ဖြစ်နေသူတွေအတွက်ပေါ့။ CopyTrading ဟာ သုံးစွဲသူများကို ရွေးချယ်ထားတဲ့ trader တစ်ယောက်မှ ဖွင့်ထားပြီး စောင့်ကြည့်တဲ့ trading အနေအထားများကို အလိုအလျောက် ပုံတူကူးနိုင်စေမှာပါ။ ဒီနည်းလမ်းဟာ trading လုပ်ငန်းစဥ်ကို ရိုးရှင်းစေရုံသာမကပဲ လူသစ်များကို လူမှုရေး trading ပလက်ဖောင်းများကနေတဆင့် ဝါရင့် trader များထံမှ သင်ယူစေပါတယ်။

CopyTrade ဟာ မည်ကဲ့သို့ အလုပ်လုပ်ပါသလဲ?

“လူမှု trading ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ CopyTrading လုပ်ငန်းစဥ်ဟာ ရိုးရှင်းပေမဲ့ ထိရောက်ပါတယ်။ ၎င်းဟာ သုံးစွဲသူတစ်ဦးမှ နောက်ယောင်ခံမဲ့ trader တစ်ယောက်ကို ရွေးချယ်ခြင်းဖြင့်စတင်ပါတယ်၊ အများအားဖြင့်တော့ သူတို့ရဲ့ trading စွမ်းဆောင်ရည်၊ အန္တရာယ်ပရိုဖိုင်း နဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတို့အပေါ်မူတည်ပြီး ရွေးချယ်ပါတယ်။ trader တစ်ယောက်ကို ရွေးချယ်ပြီးတဲ့အခါမှာ၊ သုံးစွဲသူဟာ လူမှု trading ပလက်ဖောင်းအတွင်း အဆိုပါ trader ရဲ့ လှုပ်ရှားမှုများကို ပုံတူကူးဖို့အတွက် ၎င်းတို့ ထည့်ဝင်ချင်တဲ့ ငွေပမာဏကို ဆုံးဖြတ်ပါတယ်။

ရွေးချယ်ထားတဲ့ trader က အနေအထားတစ်ခု (position) ဖွင့်တဲ့အခါမှာ၊ သုံးစွဲသူရဲ့အကောင့်မှာ တူညီတဲ့ အနေအထားကို အလိုအလျောက်ဖွင့်လိုက်ပြီး ထည့်သွင်းထားတဲ့ ငွေကြေးပမာဏရဲ့ တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းလိုက်ပါမယ်။ ဆိုလိုတာကတော့ trader က ငွေကြေးတစ်ခုကို ဝယ်ယူတဲ့အခါ တူညီတဲ့ ငွေကြေးကို သုံးစွဲသူအကောင့်အတွင်း ဝယ်ယူမှာဖြစ်ပြီး ရောင်းချရင်လည်း တူညီတဲ့ သဘောတရားသက်ရောက်ပါတယ်။ ဒီချဥ်းကပ်မှုက trading လုပ်ငန်းစဥ်ကို ရိုးရှင်းစေရုံသာမကပဲ သုံးစွဲဿူက ပိုမိုကျယ်ပြန့်တဲ့ လူမှုtrading အသိုင်းအဝိုင်းအတွင်းသို့ ထည့်သွင်းပေးပါတယ်။”

CopyTrade ဟာ လူသစ်များကို ခွန်အားဖြည့်ပေးပြီး ကျွမ်းကျင်သူ မဟာဗျူဟာများကို အဆင့်မြင့်စေပါတယ်

လူသစ်များအတွက်၊ ATFX စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ဟာ ရှုပ်ထွေးတဲ့ trading ကမ္ဘာအတွက် ဝင်ပေါက်ဖွင့်ပေးပြီးတော့ လူသစ်များအတွက် လုပ်ငန်းစဥ်များကို ရိုးရှင်းစေပြီး အောင်မြင်တဲ့ trader များရဲ့ ခြေလှမ်းများအတွက် လိုက်လျှောက်စေကာ သူတို့ရဲ့ ဆုံးဖြတ်ချက်များအတွက် လမ်းပြပေးပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ဝါရင့် trader များဟာ ၎င်းတို့ရဲ့ATFX အကောင့်ကိုသုံးပြီး သူတို့ရဲ့ မဟာဗျူဟာများကို ATFX CopyTrade မှာပြသကာ သူတို့ရဲ့ trading ကျွမ်းကျင်မှုအတွက် အသိအမှတ်ပြုမှု နဲ့ ဆုကြေးတွေ ရရှိနိုင်ပါတယ်။ အဓိကအားသာချက်တွေမှာ:

အားသာချက်များဖော်ပြချက်
ကျွမ်းကျင်သူမဟာဗျူဟာများရရှိနိုင်ခြင်းအောင်မြင်တဲ့ trader များရဲ့ မဟာဗျူဟာများကို လိုက်သုံးလိုက်ပါ၊ လူသစ်များ ဒါမှမဟုတ် အမျိုးအမည်အသစ်များလုပ်ဆောင်လိုသူများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။​
အန္တရာယ်စီမံခန့်ခွဲမှုပစ္စည်းများအရှုံးများ နဲ့ အမြတ်များအပေါ် ကန့်သတ်ချက်များထားမယ်၊ အန္တရာယ်များကို ဖြေရှင်းဖို့ trade လုပ်ဆောင်နှုန်းကို စီမံခန့်ခွဲမယ်။​
သုံးစွဲရလွယ်ကူခြင်းလူသစ်များအတွက် သင့်တော်သည့် သုံးစွဲသူ-ရင်းနှီးလွယ်သည့် မျက်နှာပြင်
သင်ယူရေးအခွင့်အလမ်းဝါရင့် trader များကို စောင့်ကြည့်ခြင်းဖြင့် trading အကြောင်း ဗဟုသုတများ ရယူလိုက်ပါ
အချိန်ကုန်သက်သာခြင်းအဆက်မပြတ် စျေးကွက် သုံးသပ်မှုလိုအပ်ခြင်းကို လျှော့ချခြင်းဖြင့် အချိန်ကုန်သက်သာလိုက်ပါ။
စွမ်းဆောင်ရည် စောင့်ကြည့်ခြင်းစောင့်ကြည့်စာရင်း လို လုပ်ဆောင်မှုများကို အသုံးပြုပြီး မဟာဗျူဟာပေးအပ်သူများရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်လိုက်ပါ။
စိတ်ကြိုက်ချိန်ညှိနိုင်ခြင်း နဲ့ ထိန်းချုပ်နိုင်ခြင်းအန္တရာယ်ခံနိုင်ရည်ရှိမှု နဲ့ ကိုက်ညီရန် စိတ်ကြိုက်ချိန်ညှိနိုင်သော ဆက်တင်များနဲ့အတူ trade များအပေါ် ထိန်းချုပ်ပါ။
ကျယ်ပြန့်သော Trading ရွေးချယ်စရာများရင်းနှီးမြှုပ်နှံ့မှုအမျိုးစုံစေရေးအတွက် စျေးကွက်မျိုးစုံအနှံ့ trading ရွေးချယ်စရာများကို ပေးစွမ်းပါတယ်။

ကိန်းဂဏန်းများအပြည့်အဝရရှိနိုင်ရန်အတွက် စာရင်းသွင်းခြင်း:

၁။ အမြင့်ဆုံးအမြတ် နဲ့ စုစုပေါင်းအရှုံး % နှင့် ပြန်လည်ရရှိမှုပြောင်းလဲနှုန်း၊ စုစုပေါင်း ပြန်လည်ရရှိမှု နှင့် စုစုပေါင်း အမြတ်

၂။ ပြောင်းလဲမှုအချိုး၊ Sharpe အချိုး၊ ပြန်လည်ကောင်းမွန်မှုအချက်တို့လို စွမ်းဆောင်ရည် ကိန်းဂဏန်းများ

၃။ ပြန်လည်ရရှိမှု နှင့် ရင်းနှီးမြှုပ်နှံမှုအပြင် Trading နှင့် ပိုင်ဆိုင်မှု

အမေးများသော မေးခွန်းများ:

ATFX CopyTrade သည် သုံးစွဲသူများအား အောင်မြင်သည့် trader များအတိုင်းလိုက်လုပ်ရန် သို့မဟုတ် ၎င်းတို့ကိုယ်ပိုင် trading မဟာဗျူဟာများကို မျှဝေရန် ခွင့်ပြုပေးသည့် ပလက်ဖောင်းဖြစ်သည်။ သုံးစွဲသူများဟာ အခြားသူများရဲ့ မဟာဗျူဟာများကို ထပ်တူပြန်လုပ်ချင်သလား ဒါမှမဟုတ် အခြားသူများလိုက်လုပ်ရန် ကိုယ်ပိုင် မဟာဗျူဟာများ ပေးစွမ်းချင်သလားဆိုတာအပေါ် မူတည်ပြီး ‘သုံးစွဲသူ’ သို့မဟုတ် ‘ပေးအပ်သူ’ အဖြစ်စာရင်းသွင်းနိုင်ပါတယ်။​

ATFX CopyTrade တွင် ‘သုံးစွဲသူ’ ဟာ အောင်မြင်သည့် trader များရဲ့ trading မဟာဗျူဟာများကို ထပ်တူလုပ်ဆောင်ပြီး ၎င်းတို့၏ ကျွမ်းကျင်မှုမှ ဗဟုသုတများရရှိသည့်၊ အကျိုးအမြတ်ရရှိသည့်သူတစ်ဦးဖြစ်ပါတယ်။ ‘ပေးအပ်သူ’ ဆိုသည်မှာ trading မဟာဗျူဟာများကို အခြားသူများအား မျှဝေပေးသည့် ဝါရင့် trader ဖြစ်ပြီး ၎င်းတို့၏ အောင်မြင်သည့် trade များအား သုံးစွဲသူများမှ ကူးယူစေခြင်းဖြင့် အကျိုးအမြတ်ရရှိသူဖြစ်ပါတယ်။

စောင့်ကြည့်စာရင်းလုပ်ဆောင်မှုဟာ ရွေးချယ်ထားတဲ့ မဟာဗျူဟာထောက်ပံ့သူများရဲ့ စွမ်းဆောင်ရည်ကို သုံးစွဲသူများမှ အလွယ်တကူကြည့်ရှုနိုင်စေရန် လုပ်ဆောင်ပေးပါတယ်။ သုံးစွဲသူများဟာ ၎င်းတို့နှစ်သက်တဲ့ ပေးအပ်သူများကို စာရင်းလုပ်ထားပြီး အချိန်ကာလတလျှောက် ၎င်းတို့ရဲ့ trading ရလာဒ်များကို စောင့်ကြည့်နိုင်ပါတယ်၊ ဒါက မည်သည့်မဟာဗျူဟာများကို လိုက်လုပ်ရမလဲဆိုတာကို ကြိုတင်သိရှိထားတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကူညီပေးပါတယ်။

ရရှိနိုင်ပါတယ်၊ စာရင်းသွင်းထားတဲ့သုံးစွဲသူများဟာ အမြင့်ဆုံးအမြတ်၊ စုစုပေါင်းအရှုံးရာခိုင်နှုန်းများ၊ ပြောင်းလဲမှုအချိုး၊ Sharpe အချိုး နဲ့ ပြန်လည်ကောင်းမွန်မှုအချက်တို့လို trading ကိန်းဂဏန်းအမျိုးအစားများစွာကို ရယူနိုင်ပါတယ်။ ဒီကိန်းဂဏန်းများဟာ မဟာဗျူဟာပေးအပ်သူများရဲ့ စွမ်းဆောင်ရည်ကို သုံးသပ်ရာမှာ မရှိမဖြစ်အရေးကြီးပြီးတော့၊ သုံးစွဲသူများကို ၎င်းတို့ရဲ့ trading လုပ်ဆောင်မှုများမှာ ကြိုတင်သိရှိထားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်စေဖို့ ကူညီပေးပါတယ်။