ATFX CopyTrade မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်
အဆင့် ၁ – သင့် ATFX အကောင့်အတွင်းသို့ ဝင်ရောက်ပါ
- ပင်မစာမျက်နှာပေါ်ရှိ “ဖောက်သည်ပေါ်တယ်” ခလုတ်ကို နှိပ်ပါ။
- စနစ်သည် သင့်အား login စာမျက်နှာသို့ ညွှန်မည်။ အကောင့်ဝင်ရောက်ရန် သင့်ရဲ့ အကောင့် အချက်အလက်များကို ထည့်သွင်းပါ။
- မလုပ်ဆောင်ရသေးပါက KYC (သုံးစွဲသူသိရှိခြင်း) အတည်ပြုခြင်း အတွက် လိုအပ်သော အထောက်အထားများကို တင်သွင်းပါ။. KYC လုပ်ဆောင်ပြီးသွားသည့် သုံးစွဲသူများသည် နောက်ထပ်အဆင့်ကို လုပ်ဆောင်နိုင်သည်။

အဆင့် ၂ – CopyTrade အကောင့်တစ်ခု ပြုလုပ်ပါ
- သုံးစွဲသူ ပေါ်တယ် ပင်မစာမျက်နှာပေါ်တွင် “CopyTrade” ခလုတ်ကို နှိပ်ပါ။
- ပြီးနောက် “CopyTrade အကောင့်တစ်ခုဖန်တီးမည်”ကိုနှိပ်ပါ။.

- သင့်ရဲ့ ကဏ္ဍကို ရွေးချယ်ပါ –
- ပေးအပ်သူ- အခြားသူများလိုက်နာနိုင်သည့် trading မဟာဗျူဟာများကို မျှဝေခြင်း။
- လိုက်နာသူ – ပေးအပ်သူများ၏ trading မဟာဗျူဟာများကို လိုက်နာခြင်း။
- သင့်ရဲ့ CopyTrade အကောင့်အတွက် password တစ်ခုသတ်မှတ်ပါ။
- စည်းမျဥ်းများ နှင့် သတ်မှတ်ချက်များ (T&C) ကို သဘောတူရန် လေးထောင့်ကွက်ကို အမှန်ခြစ်ပါ။
- “နောက်ထပ်သွားမည်”ကိုနှိပ်ပါ။
- စနစ်သည် သင့်ရဲ့ CopyTrade အကောင့်ကို အလိုအလျောက် ဖန်တီးပေးသွားမည်ဖြစ်သည်။

အကောင့်ကို အောင်မြင်စွာ ဖန်တီးပြီးသွားပါက စာမျက်နှာသည် သင့်ရဲ့ CopyTrade အကောင့် အချက်အလက်များ နှင့် ဆာဗာ အချက်အလက်ကို ဖော်ပြမည်။ ကျေးဇူးပြု၍ ဤအချက်အလက်များကို လုံခြုံစွာသိမ်းဆည်းပါ။

အဆင့် ၃ – ငွေသွင်းခြင်း
- သင့်ရဲ့ CopyTrade အကောင့်စာမျက်နှာတွင် အောက်ခြေရှိ “ငွေသွင်းမည်” ခလုတ်ကို နှိပ်ပါ။
- စနစ်သည် သင့်အား ငွေသွင်းမည် ခလုတ်သို့ လွှဲပြောင်းသွားမည်။ ငွေသွင်းမှုကို ပြီးမြောက်ရန် ညွှန်ကြားချက်များကို လိုက်နာပါ။

အဆင့် ၄ – CopyTrade ဝန်ဆောင်မှုများအတွက် login ဝင်ရောက်ပါ
- ဘယ်ဘက် မီနူးဘားတန်းတွင် “CopyTrade”ခလုတ်ကို ရှာပြီး နှိပ်ပါ။
- သင့်အား CopyTrade login စာမျက်နှာသို့ ပို့ဆောင်မည်ဖြစ်သည်။
- CopyTrade လုပ်ဆောင်ချက်များကို စတင်အသုံးပြုနိုင်ရန် သင့်အကောင့် နှင့် password ကို ထည့်သွင်းပါ။




